မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မက်မန်း မေ ၂၁

ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိစည်းစည်းလုံးလုံးဖြင့်  ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏၊ တာဝန်ထမ်းဆောင်နေမှုကို အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊  ဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် န်ုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် နိုင်ငံတာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုက အမှာစကားပြောကြားရာတွင် ကျန်းမာရေးကိုအထူးဂရုစိုက်ရန်လိုအပ်ပါကြောင်း ပြောကြားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိနိုင်မည့် ကျန်းမာရေးဆိုးကျိုးများအကြောင်း၊  စားသောက်ကုန်များပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မက်မန်းခရိုင်ရုံးဝန်ထမ်းများအတွက် ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ငါးသေတ္တာ၊ ဆားနှင့် ကြက်ဥများကို တစ်ဦးချင်းထံသို့ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)