ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး သီးနှံများစိုက်ပျိုးရာ၌ ရေရရှိရေး နည်းလမ်းဖြင့် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါး၊ နွေနှမ်း၊ ဟင်းသီးဟင်ရွက်နှင့် ကျွဲနွားစာ အပါအဝင် နွေသီးနှံမျိုးစုံ (၅၂၇၁၅) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေသီးနှံများစိုက်ပျိုးရာတွင် နွေစပါး(၄၉၃၂)ဧက၊ နွေနှမ်း(၄၄၂၀၆)ဧက၊ မိုကြိုပဲတီစိမ်း (၃၂၉၆)ဧက၊ မိုးကြိုငရုပ် (၁၀၃)ဧက၊ မိုးကြိုချည်မျှင်ရည်ဝါ (၁၀၀)ဧက၊ ဟင်းသီး၊ ဟင်းရွက် (၂၂) ဧက၊ မိုးကြိုနေကြာ(၆)ဧက၊ ကျွဲနွားစာ(၅၀)ဧက စုစုပေါင်း(၅၂၇၁၅)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ပျိုးမှုညှိနှိုင်ရေးအဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံပြီး ညှိနှိုင်းစိုက်ပျိုးလျက် ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ ရိတ်သိမ်းခြွေလှေ့နည်းများ စနစ်တကျ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်