မြစ်သား မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဒေသခံလူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ငွေနှင့်ပစ္စည်းစုံပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေမုဌောဘုရားဝန်းအတွင်းရှိ မဟာအတုလဝေယံဘုံမ်မြင့်ဓမ္မာရုံ၌ လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဘေးသင့် အကျိုးခံစားခွင့်ရှိသူများအား မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါ်ရီရီတင် ဦးဆောင်သည့် မန္တလေးမြို့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ငလျင်ဘေးတုန့်ပြန်ညှိနှိုင်းမှုအသင်းမှ ဦးချမ်းမြေ့ထွန်းနှင့် တပ်ဖွဲ့ဝင် (၁၂) ဦးတို့က မြစ်သားမြို့ပေါ် (၆) ရပ်ကွက်ရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၂၇၇ စုအား အိမ်ထောင်စု ၁ စုလျှင် ၅၀၀၀၀/-ကျပ် ၊ မိသားစုသုံးပစ္စည်းများဖြစ်သော စောင်၊ ခြင်ထောင်၊ ကလေးအဝတ်၊ သွားတိုက်ဆေး၊ သွားတိုက်တံပါ ဖာ (၁)ဖာ၊ မိုးကာချပ် (၂) ချပ်တို့အား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ရာ မြို့နယ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်ဦး၊ တပ်ခွဲမှူး ဦးထက်ထက်ဟန် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် မြို့ပေါ် (၆) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အနီးကပ်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)