မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြစ်သား  မေ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မေလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၅) နာရီအချိန်က စတင်၍ထုတ်ပေး လျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို  လစဉ်(၂၁) ရက်နေ့မှ (၂၃)ရက်နေ့အထိ‌ ရက်များတွင် အငြိမ်းစားများအား နံနက်(၅)နာရီ ထုတ်‌ပေးမည်ဖြစ်ပြီး ကျန် ရက်များတွင် နိုင်ငံဝန်ထမ်းလစာ ထုတ်ပေးသည့်‌‌နေ့အထိ နံနက် (၆) နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုမေလတွင် ရုံးဖွင့်ရက် (၂၁) ရက်နေ့မှစ၍ နေ့စဥ်တုံကင် ထပ်စနစ်ဖြင့် သတ်မှတ်၍ ထုတ်ပေးလျက်ရှိပြီး ယနေ့နံနက် ပိုင်းဘဏ်ဖွင့်ချိန်တွင် အငြိမ်းစားပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း  အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)