ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ပေးအပ်

ချောင်းဆုံ မေ ၂၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လာမည့်စိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် နည်းစနစ်တကျစိုက်ပျိုးကာ သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ (ပထမ) အကြိမ် ပေးအပ်ခြင်းကို မေ (၁၉) ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သွင်းအားစုများပေးအပ်ခြင်းကို မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ ၊စမ်းသပ်ကွက်စံပြကွက်စိုက်ပျိုးသော တောင်သူများ၊ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးသောတောင်သူ စုစုပေါင်း (၂၆၄) ဦးတို့အား ပထမအကြိမ် ရရှိသည့် ယူရီးယာဓါတ်မြေဩဇာ (၉၇၈) အိတ်အား ဈေးနှုန်းချိုသာစွာ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အတွင်း လာမည့်စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၆၅၃၀၉) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်