ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ကိုကိုးကျွန်း မေ၂၁

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်ဒေသကြီး အမျိုးသမီးရေရာအဖွဲ့မှ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကိုကိုးကျွန်းမြို့နယ် အမျိုးသမီးရေရာအဖွဲ့မှ ဦး​ဆောင်၍ အင်အား ၁၅ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့်  မြို့နယ်အတွင်းရှိ ပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်ဝမ်းစာရေးနှင့် စီးပွား​ရေး​​ဆောင်ရွက်နိုင်​​စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းကို လက်တွေ့သင်ကြားပို့ချ​ပေးခဲ့​ကြောင်းနှင့် သင်တန်းအား (၂၀-၅-၂၀၂၅) မှ (၂၁-၅-၂၀၂၅) ရက်​နေ့ထိ (၂) ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၅) ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)