ပြင်ဦးလွင် ဒီဇင်ဘာ ၁၁
ပြင်ဦးလွင်မြို့ရှိအာရှအလင်းရောင် ကျောင်းတိုက်ဆရာတော် ဦးဆောင်မှု၊မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်မောင်နှင့် ကော်မတီဝင်များ၊ ဘဏ္ဍာရေးကော်မတီဝင်များမှ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရင်းဖြင့် Contact ဆက်စပ်အဖြစ် ဇီးပင်ကြီး Facility Quarantine Center တွင် Quarantine ဝင်ရောက်နေသည့်ကျန်းမာရေး ဝန်ထမ်း (၃၀)ဦး နှင့် သန္တိသုခလူမူကူညီရေးအသင်းမှ Volunteer (၆)ဦး တို့အား စားသောက်စရာမုန့်ခြင်းများ ပေးအပ်၍ အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပြီး မြို့ခံအခြားဆက်စပ် Quarantine ဝင်ရောက်နေသူ ပြင်ဦးလွင်မြို့ဒေသခံများအား စားသောက်ဖွယ်ရာ များပေးအပ်ခြင်းနှင့် ယခုဇီးပင်ကြီးQuarantineCentreတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်Volunteerတို့အာ းလိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် (၂၃) မိုင်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ်မေးမြန်း၍ ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျဖြင့်အထူးဂရုပြုဆောင်ရွက်ကြရန်ပြောကြားခဲ့ ကြောင်းသိရသည်။
မြတ်ဆုမွန်