ကျောက်တံတား မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ခြင်မပေါက်ပွားစေရန် အတွက်အဘိတ်ဆေးခတ်ခြင်းကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းပေါ်ရှိ မီးသတ်ဦးစီးဌာနနှင့် ဝန်ထမ်းအိမ်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရအဖွဲ့ရုံးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးများ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ခြင်မပေါက်ပွားစေရန်အတွက် မီးသတ်ဦးစီးဌာနနှင့် ဝန်ထမ်းအိမ်ရာများရှိ ရေကန်များတွင်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရအဖွဲ့ရုံးရှိ ရေကန်များတွင်လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ ရေကန်များတွင်လည်းကောင်း အဘိတ်ဆေးများခတ်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်တံတား (ပြန်/ဆက်)