ကမာရွတ်မြို့နယ်အတွင်းရှိ နိုင်လွန်ကတ္တရာလမ်းခင်းနေသည့် လုပ်ငန်းခွင်များသို့ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကမာရွတ် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန်  အမှတ် ၈ ရပ်ကွက် အဝေရာလမ်း နှင့် စေတနာလမ်းအား ပေအရှည် ၄၈၀ပေ ၂၀ ပေ ထု ၂ လက်မ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းအရည်အသွေး ကောင်းမွန်စေရေး ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးနှင့် အဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။ အလားတူ အမှတ် ၇ ရပ်ကွက် သီရိမင်္ဂလာလမ်းမှာလည်း ခင်းကျင်းနေကြောင်း သိရှိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)