မြစ်ကြီးနား မေ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ ၅ ရက်နေ့မှစတင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသော ချီဖွေမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ အား ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ချီးမြှင့်ပေးရာတွင် ချီဖွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူ (၄၂)ဦးနှင့် ဆရာ/ဆရာမ (၁၉)တို့အား တစ်ဦးလျှင် ငွေကျပ်(၇)သောင်းခွဲ စုစုပေါင်းငွေကျပ် (၄၆)သိန်းကျော်ကို အသီးသီးသွား ရောက်ချီးမြှင့်ပေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)