ပင်လုံ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို အမှတ်(၁)ရပ်ကွက်ရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပင်လုံမြို့ အမှတ် (၁) ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ ပြည်သူများကို ဖေဖော်ဝါရီနှင့် မတ်လအတွက် တစ်ဦးလျှင် (၄၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၅၆) ဦးအတွက် ထောက်ပံ့ငွေ (၆,၂၄၀,၀၀၀)ကျပ်အား အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့မှ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)