မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

မြစ်သား  မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့မွန်းလွဲ (၂နာရီအချိန်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းရှေ့၊  မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခွန်လွတ်‌ဈေးရှေ့တို့တွင်  ကျင်းပဆောင်ရွက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြေစိုက်ပိုစတာစိုက်ထူပွဲကို  မြို့နယ်ပညာရေးကြီးကြပ်မှူကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမင်းအောင်၊  မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ပြည့်ဖြိုးဦး၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာများ ပျက်ဖျန်းခဲ့ကြသည်။

မြစ်သားမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ် ဆက်မပြက်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်ဆရာ၊ ဆရာမများအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)