ပြင်ဦးလွင်မြို့တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း (၂) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊  အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီး  ဆီထွက်ဇုန်  (တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးမြင့်နှင့် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်တို့မှ မြို့နယ်ဦးစီးမှူး၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများအား နေကြာနှင့် မြေပဲအထွက်နှုန်း ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေးဆိုင်ရာနည်းပညာများကို အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးဧက စုစုပေါင်းမှာ (၈၁၃၃) ဧက ရှိပြီး ပန်းနှမ်းသီးနှံမှာ စိုက်ပျိုးဧက အများဆုံးဖြစ်၍  ဒုတိယအများဆုံး  စိုက်ပျိုးသီးနှံမှာ နေကြာနှင့် မြေပဲဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)