ရန်ကုန် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာနှင့်၊ အမှတ်(၁)ရပ်ကွက်တို့တွင် ဂျပန်ဦးနှေက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုနှံခခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ ဆရာဝန်ကြီးများမှ ဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည်။ အလားတူ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အသက် ၁ နှစ်မှ ၅ နှစ်အောက် ကလေးငယ်များကို လိုက်လံထိုးနှံပေမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)