ကျိုင်းတုံ မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲတွင် ဒေသခံတောင်သူများအား ထုတ်ချေးပေးသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲ နှုန်း၊ အခြားသီးနှံစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်း နှုန်းကို တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုမှ တောင်သူ ၄၁ ဦး၏ မိုးစပါး စိုက်ပျိုးဧက ၂၀၄ ဧကအတွက် စုစုပေါင်းငွေကျပ် ၃၀၆ သိန်းကို ထုတ်ချေးပေးပြီး ကျိုင်းတုံမြို့နယ်အတွင်း ကျန်ရှိသည့်ကျေးရွာအုပ်စုများမှ တောင်သူများအား စက်တင်ဘာလ အကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင် ဘဏ်ခွဲမန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)