တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိ

တန့်ယန်း မေ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ် ထုတ်ပေးလျက်ရှိရာ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက လာရောက်ထုတ်ယူနေလျက်ရှိသည်။

အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာဖြင့် ထုတ်ယူနိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)