မိုးညှင်း မေ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က Grade-12 ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် Camp ဝင်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ နေထိုင် စားသောက်ရေး၊ သင်ကြားရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်ရေ/သုံးရေများ၊ စာကျက်ချိန်အတွင်း လျှပ်စစ်မီးအပြည့်အဝရရှိရေးနှင့် ကျောင်းတွင်းပြင်ပလုံခြုံမှုရှိစေရေးစသည့် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနှင့် ကျောင်းများဖွင့်လှစ်နိုင်ရေး အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အတွင်းအခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်ပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူတို့က အဆိုပါလုပ်ငန်းဆောင်ရွက်နေသည့် ကဏ္ဍအလိုက် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာမေးပွဲအောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)