ပင်လောင်းမြို့နယ်၌ ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ပင်လောင်း မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာအစည်းအ‌ဝေးကို နမောတဿဂါထာ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မြသိန်းတန်ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမင်္ဂလက အစည်းအဝေး ပင့်ဖိတ်ရခြင်းအကြောင်းကို လျှောက်ထားတော်မူပြီး၊ ရင်းမှီးပရိယတ္တိစာသင်တိုက် မြို့နယ်ဩဝါဒစာရိယဆရာတော်ကြီး ဘဒ္ဒန္တဝါယာမနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တီကျစ်မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာဘတို့က ဩဝါဒဂါထာမြွက်ကြား‌တော်မူကြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူတို့က အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အထွေထွေကိစ္စရပ် တင်ပြလျှောက်ထားကြပြီး၊ ရင်းမှီးပရိယတ္တိစာသင်တိုက်‌ ဂေါပကဥက္ကဋ္ဌ ဒေါက်တာခွန်‌အောင်မြင့်က အစိုးရပါဠိပထမပြန် စာမေးပွဲအတွက် အာရုံဆွမ်း၊ နေ့ဆွမ်းအလှူရှင်စာရင်းများကို တင်ပြလျှောက်ထားခဲ့သည်။

ယင်းနောက် အ‌စည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုဂါထာဖြင့် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း၊ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်