ချမ်းအေးသာစံ မေ ၂၁
မတ်လ (၂၈) နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း ငလျင်ဒဏ် သင့်ခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ဗီယက်နမ်ဆရာတော် ဦးဝိမလ ဦးဆောင်သော ဘာသာရေး အဖွဲ့သည် လူသားခြင်းစာနာသောအားဖြင့် ထောက်ပံ့လှူဒါန်းမှူများ ဆောင်ရွက်လျက်ရှိရာ မေလ (၂၀) ရက်နေ့ နံနက် (၈) နာရီတွင် ၆၀*၆၂ လမ်းကြား၊ ၃၃ C လမ်း၊ အကွက် (၄၁၄/နဂါး) လှထွေကျောင်းတိုက် ပတ္တမြားကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၀) ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းမှ ဗီယက်နမ်နိုင်ငံသား ဆရာတော်ဦးဝိမလ ဦးဆောင်သော ဆရာတော်/ဆရာလေး (၁၇) ပါးနှင့် အလှူရှင်ဒါယိကာ/ ဒါယိကာ မများသည် လူသားခြင်းစာနာထောက်ထားသောအားဖြင့် ငလျင်ဒဏ်သင့်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့လှူဒါန်းမှုများ အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ လှထွေကျောင်းတိုက် ပတ္တမြားရောင်ခြည်ကျောင်းတိုက်သို့ သွားရောက်ကာ အလှူငွေကျပ်သိန်း (၇၀) အား လှူဒါန်းခဲ့ပြီး ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရမှ လက်ခံရယူခဲ့သည်။
ထို့နောက် ဗီယက်နမ်ဆရာတော် ဦးဝိမလ ဦးဆောင်သော ဘာသာရေးအဖွဲ့သည် နံနက် (၉) နာရီတွင် ပတ္တမြားရောင်ခြည်ကျောင်းမှ ထွက်ခွာခဲ့ပြီး အောင်မြေသာစံမြို့နယ် ၂၀လမ်း၊ ၆၂ လမ်းရှိ အရှေ့ခင်မကန်ကျောင်းတိုက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး အမှတ် (၃) စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး သော်တာထွေး၏ကြီးကြပ်မှုဖြင့် လမ်းကြောင်းရှင်းလင်းရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ချမ်းမြေ့မောင်