ပြည်ကြီးတံခွန်မြို့နယ်၌ ငလျင်ဒဏ်သင့် အခြေခံပညာစာသင်ကများအား ဗီယက်နမ်နိုင်ငံဘာသာရေးအဖွဲ့မှ ထောက်ပံ့ငွေများ လှူဒါန်း

ပြည်ကြီးတံခွန်   မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခဲ့ရသော အခြေခံပညာစာသင်ကျောင်းများအား ဗီယက်နမ်ဆရာတော်ဘဒ္ဒန္တဝိမလ ဦးဆောင်သော ဘာသာရေးအဖွဲ့က ယမန်နေ့ ညနေပိုင်း (၃) နာရီအချိန်တွင် လမ်း၆၀၊ ၁၃၅လမ်းရှိ အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး ထောက်ပံ့ငွေများ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရဗီယက်နမ်ကျောင်းမှ ဗီယက်နမ်နိုင်ငံသားဆရာတော် ဦးဝိမလ ဦးဆောင်၍ ဆရာတော်/ ဆရာလေး (၁၇) ပါးနှင့် အလှူရှင်ဒါယိကာ/ ဒါယိကာမတို့က လာရောက်လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြခဲ့ပြီး ငလျင်ဒဏ်သင့်ခံစားခဲ့ရသော ကျောင်းသား/သူ (၁၅၀) ဦးအား တစ်ဦးချင်းစီ အလှူငွေကျပ်  (၃၀၀၀၀) သောင်း စုစုပေါင်း (၄၅) သိန်းတိတိအား လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)