ဗဟန်း မေ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ အထက(၃)စာသင်ကျောင်းတွင် မေလ ၁၉ ရက်နေ့နံနက်ပိုင်းက စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ရေမြောင်းရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ရှင်းလင်းခြင်း၊ အုတ်တံတိုင်းရေဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တွဲဖက်ဌာနများဖြစ်သည့် (လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာန၊ ရေစီးရေလာဌာန၊ ပတ်သန့်ဌာန၊ ရေသန့်ဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ယာ/အုံဌာန) မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အင်အား(၂၀၀)ဦးဖြင့် ရေမြောင်းရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ရှင်းလင်းခြင်း၊ အုတ်တံတိုင်းများရေဆေးခြင်းဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှကြီးကြပ်ကာ ထွက်ရှိလာသောအမှိုက်များ၊ သစ်ကိုင်းများအား Hopper ယာဉ်(၂)စီး၊ FORLALD ယာဥ်(၁)စီး၊ JAC(၁)စီးတို့ဖြင့် တစ်ပါတည်း သိမ်းဆည်းပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
နေလင်း (ပြန်/ဆက်)