သာကေတ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်က ပညာအလင်းပြစာကြည့်တိုက်အသစ် တည်ဆောက်၍ စာကြည့်တိုက်ပြုပြင်မည့် အခြေအနေများနှင့် စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ရန်ပုံငွေရရှိမှု အခြေအနေများနှင့် စာကြည့်တိုက်များ အသစ်တည်ဆောက်ရေး၊ ပြုပြင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် မြေနေရာရရှိရေးတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြို့နယ်စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)