သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်(၃) ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျှက်ရှိ

သာကေတ မေ ၂၀

သာကေတမြို့နယ် ၁၀/​တောင်ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀း၀၀နာရီမှစတင်ကာ နိုင်ငံသားများအားကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် သာကေတမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစံသိန်း၏ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူးဒေါ်ယဥ်မြသွေးဦးဆောင်သောဝန်ထမ်းများက ၁၀/တောင်ရပ်ကွက်အတွင်း နေထိုင်ကြသောနိုင်ငံသားများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား၊ အသက်၁၈နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်သေးရသောသူများကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

သာကေတမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်ပေါင်း၁၉ရပ်ကွက်ရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။

သဲထက်ဇင်