ဗိုလ်တထောင် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်ထောင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအချိန်ထိ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူများအား မီးပြဝင်းဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စည်သူ၊ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်သိန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသက်(၅)နှစ်အောက် ကလေးများအား JE ကာကွယ်ဆေးထိုးနှံခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်လုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စသည့်တို့ကို ဆောင်ရွက်ပြီး အိမ်များရှိ ဘုရားပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်းနှင့် ဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးနှင့်အညီ နေထိုင်စေရေး ကွမ်းယာ၊ ဆေးလိပ်၊ အရက်ရှောင်ကြဥ်နိုင်ရေး အသိပညာပေးဟောပြောခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် အမှတ်(၁)ရပ်ကွက်၊ မီးပြဝင်းရှိဝန်ထမ်းနေအိမ်လိုင်းခန်းများ၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ဆက်)