သာကေတ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ၁၉.၅.၂၀၂၅ ရက်နေ့မှ ၂၁.၅.၂၀၂၅ ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ဖြင့် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် နည်းပြဆရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား(၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသက်ဦးမှ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌများက သင်တန်းသား/သူများအား Medical Box များ ထောက်ပံ့ပေးခြင်း၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိသည်။
သဲထက်ဇင် (ပြန်/ဆက်)