လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) မေ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်(၃)နာရီ၌ ရွှေလင်ပန်းကျေးရွာ ရွှေနှင်းဆီလမ်းအတွင်းရှိ ရပ်ကွက်နေပြည်သူအိမ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်၊ အိမ်အနီးပတ်ဝန်းကျင်ရှိ အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ရှင်းလင်းထားကြရန်၊ ခြင်ပေါက်ပွားနိုင်သည့် ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းများ အလေးထားလုပ်ဆောင်ကြရန်၊ ခြင်ပေါက်ဖွားမှုမရှိစေရေး သုံးရေ၊ ကန်ရေများအား အဘိတ်ဆေးခတ်ခြင်း၊ သတ်မှတ်ရက်များအလိုက် ပြုလုပ်ဆောင်ရွက်ကြရန်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာကြူကြူသင်းက အသိပညာပေးရှင်းလင်းပြောကြားပြီး ရွှေလင်ပန်းကျေးရွာရှိ ဒေသန္တရကျန်းမာရေး ‌ဆရာ၊ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ရပ်ရွာ‌နေပြည်သူများနှင့်တာ၀န်ရှိသူများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်တို့က ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ