ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေပြည်သာ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ မဖွင့်မှီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့‌ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးသွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းနှင့် ဖုံးသွန်လဲစစ်လုပ်ငန်းများကို ရွှေပြည်သာမြို့နယ်၊‌ တေဇာရာမဘုန်း‌တော်ကြီးသင်ပညာရေးကျောင်း၊ လိုတရဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ လိန်ကုန်းအခြေခံပညာမူလတန်းကျောင်း၊ သိမ်ချောင်းခြေခံပညာမူလတန်း‌လွန်ကျောင်းတို့တွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)