ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ဒဂုံမြောက် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အသက်(၁)နှစ်မှ (၅)နှစ်အတွင်းကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို အမှတ်(၁၆)၊ အမှတ်(၂၉)ရပ်ကွက်၊ အမှတ်(၃၅)ရပ်ကွက် အမှတ်(၄၀)ရပ်ကွက်၊ အမှတ်(၄၆)ရပ်ကွက် အမှတ်(၄၉)ရပ်ကွက်နှင့် အမှတ်(၅၁)ရပ်ကွက်တို့တွင် ထိုးနှံဆာင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၄၄) မြို့နယ်အတွင်းရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကလေးများအား အမှီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေးထိုးနှံခြင်းကို ကလေးဦးရေ စုစုပေါင်း (၁၅၇,၁၈၇) ဦးအား မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ