မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းထိန်ကျောက်ဆည်မြို့၌ ဖွင့်လှစ်သော မိုးစပါးအထွက်နှုန်းတိုးတက်ရေးအသိပညာပေးသင်တန်းတွင် အမှာစကားပြောကြား နွေစပါးစံပြကွက်(၂၀၀)ဧကအားကြည့်ရှု

ကျောက်ဆည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်သည် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖွင့်လှစ်လျက်ရှိသော မိုးစပါးအထွက်နှုန်းတိုးတက်ရေး အသိပညာပေးသင်တန်းတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး၊ တောင်သူပညာပေးစိုက်ပျိုးထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စံပြကွက် (၂၀၀) ဧကအား ကွင်းဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်သည် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ နွားထိုးကြီးမြို့နယ်များမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့်အတူ အင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၄၉)၊ တောင်သူ(၃၃)ဦးစိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော GW-11 စံပြ စိုက်ကွက်(၁၀၀) ဧကနှင့် ပတ္တာကျေးရွာအုပ်စု ကွင်းအမှတ်((၂၀၉-ခ) တောင်သူ(၁၀)ဦးစိုက်ပျိုးထားသည့် GW-11 စံပြကွက်(၈၀)ဧကနှင့် GW-18 စံပြကွက်(၂၀)ဧကတို့အား ကွင်းဆင်းကြည့်ရှုခဲ့ရာ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်အောင်က မြေပြုပြင်ခြင်း၊ ပျိုးထောင်ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ တိုင်းဦးစီးမှူးက  ပန်းတိုင်အထွက်နှုန်း ပြည့်ဝစွာရရှိရေး လမ်းညွှန်အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။

ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး စံပြကွက်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း ဆန်စပါးများဖူလုံမည့်အပြင် ပိုလျှံစပါးများအား လိုအပ်သည့်နေရာများတွင် ရောင်းချခြင်းဖြင့် စပါးစိုက်တောင်သူများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၄၉၃၂)ဧကစိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)