ကွန်ဟိန်း မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းကို မေလ ၁၈ ရက်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းအား မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းများမှ ဆရာ/ဆရာမများ၊ နည်းပြများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)