ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

ချမ်းအေးသာစံ  မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက်(၁၁)နာရီတွင်  စိတ္တရမဟီရပ်ကွက် ၊ဆုတောင်း ရဘုရားဝင်းရှေ့၌ ကျင်းပဆောင်ရွက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဒေါ်ချောစုလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းအပ်နှံရေး ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပျက်ဖျန်းခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ(၂၂) ရက်နေ့မှ ဇွန်လ(၁)နေ့အထိ ဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြက် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ဆရာမများ အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချမ်းမြေ့မောင်