တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာမြင်းခြံ‌ကျော်အောင်ရေးသားသည့် “‌ကျန်းမာချမ်းသာအောင်ဘယ်လိုလုပ်မလဲ” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်

စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့် တစ်ဦး စာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မောင်‌မင်းသူ‌အောင်က “လူလတ်ပိုင်းအရွယ်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ကျန်းမာရေးသည်အရွယ်တိုင်းအတွက် အရေးကြီးလှကြောင်း၊ လူလတ်ပိုင်းအရွယ်များ မကျန်းမာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နိုင်ကြောင်း၊ ကျန်းမာရေးသုတသည် လူလတ်ပိုင်းအရွယ်တွင် ရှာဖွေဖြည့်ဆည်းရမည့် ပညာဗဟုသုတဖြစ်ကြောင်း၊ လူလတ်ပိုင်းအရွယ်တွင် အစားအစာများ လွန်လွန်ကျူးကျူး စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ အရက်သေစာများကို ဆင်ခြင်သောက်သုံးခြင်း၊ လှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်း၊ အာဟာရမျှတစွာစားသုံးခြင်း၊ ဘာသာတရားကို လေးစားလိုက်နာခြင်း၊ ကျန်းမာရေးသုတအား

မိသားစုသို့‌ဝေမျှနိုင်ခြင်း စသောရှောင်ကြဉ်ရန်နှင့် လိုက်နာရမည့် အချက်အလက်များအား လိုက်နာခြင်းဖြင့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ သုခများအားခံစားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာခြင်းဖြင့် မိသားစုကို ဦးစီးဦးဆောင်ပြုလုပ်နိုင်ကြောင်း၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ကြောင်း၊ လူတို့၏ ကျန်းမာမှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသော အခြေအနေအပေါ်မူတည်ကြောင်း ဆွေးနွေးခဲ့ပြီးနောက် (Youth Club) အဖွဲ့ဝင် မဖူးပွင့်‌ဆွေမှ “အသက်ဉာဏ်စောင့်” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးကာ တတ်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြ‌သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ သုတ၊ ရသစာအုပ်စာစောင်းများကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များက

စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုဌားရမ်းခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)