မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

မန္တလေး မေ ၂၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်ဘဏ်ခွဲများမှ တောင်သူကြီးများကို ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား (၂၀၂၅ ခုနှစ်၊ မေလမှစက်တင်ဘာလအထိ) ဘဏ်ခွဲအသီးသီးမှ မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား များ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု၊ သွင်းအားစုများ အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင်- ၁၅၀၀၀၀/-နှုန်း၊ ချည်မျှင်ရှည်ဝါ (အစေ့ထုတ်) တစ်ဧကလျှင်- ၁၅၀၀၀၀/-၊ အခြားသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲနှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ (ရိုးရိုး)၊ အစေ့ထုတ်ပြောင်း၊ ဆီမုန့်ညှင်း၊ ဂုန်လျှော်၊ ကြက်သွန်နီ၊ ငရုတ်၊ ချက်ကြံ) တစ်ဧကလျှင်- ၁၀၀၀၀၀/-နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅%နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိ သည်။ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးရန် မန္တလေးတိုင်းဒေသကြီးအနေဖြင့် ခရိုင်ဘဏ်ခွဲ (၇) ဘဏ်ခွဲ၊ မြို့နယ်ဘဏ်ခွဲ (၁၂) ဘဏ်ခွဲတို့မှ စပါးဧက (၁၄၄၈၉၈) ဧက၊ အခြားဧက (၃၇၈၈၈၃) ဧက၊ ငွေပေါင်း (၄၅၁ ၃၃.၂၀) သန်း ထုတ်ချေးရန် လျာထားဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်ဘဏ်ခွဲများအား ၁၉-၅-၂ဝ၂၅ နေ့တွင် စတင်ထုတ်ချေးရာ ခရိုင်/ မြို့နယ် (၁၅) ဘဏ်ခွဲမှ ကျေးရွာဘဏ် (၁၈) အုပ်စု၊ ဦးရေ (၃၂၆) ဦး၊ စပါးဧက (၇၈၅) ဧက၊ အခြား (၇၉၉) ဧက၊ စုစုပေါင်းဧက (၁၅၈၄) ဧက၊ ထုတ်ချေးငွေပေါင်း (၁၉၇.၆၅) သန်း ထုတ်ချေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲ၊ ဒုတိယတိုင်းဒေသကြီး မန်နေဂျာ ဦးအောင်မျိုးသန်းထံမှ သိရှိရသည်။

ဇာနည်ကိုကို