ကျိုက်ထိုမြို့နယ်တွင် ကုန်ညွှန်းအမှတ်အသားများ မှန်ကန်ရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်ထို မေ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များ၌ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါရှိရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ Fresher နှင့် December အမှတ်တံဆိပ်တို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်စက်ရုံများသို့ သွားရောက်ကာ အများပြည်သူအလွယ်တကူသိရှိနိုင်မည့် ကုန်ညွှန်းအမှတ်အသားများ ပါ/မပါနှင့် ပြည့်စုံမှန်ကန်မှု ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)