သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သံဖြူဇရပ် မေ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ​မောင်သန်း​ဆွေ (ထာဝယ်) ရေးသားသည့် "ဖွေဖွေရှာရှာသမိုင်းစာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်​အေး​အေးသီက စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် ပြင်ပစာပေ၊ ဗဟုသုတများကို လေ့လာဖတ်ရှုကြ‌စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာ​ရေးဆရာအသင်းအဖွဲ့ဝင် စာ​ရေးဆရာ မင်း​ကျော်ဝင်း (ကမာဝက်)၊ စာရေးဆရာဦးဘ​ဆွေ(ဖိုးရာဇာ)၊ ဦးကျင်ဟုတ်(​ရွှေပန်းချီ)တို့က ​ဖွေ​ဖွေရှာရှာ သမိုင်းစာ စာအုပ်ပါ အကြောင်းအရာများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးရာ တက်‌ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

သံဖြူဇရပ် (ပြန်/ဆက်)