ချမ်းမြသာစည် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုမှာ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ လူတစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရက် (၃၀) စာ ပေးအပ်ခြင်းဖြစ်ပြီး စားသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇံဖြူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က မနက် (၁၀:၀၀) နာရီအချိန်မှတင်စ၍ ညနေ (၁၇:၀၀) နာရီအချိန်ထိ လူဦးရေ (၃၃၃) ဦးကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့