ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပထမအကြိမ်မြောက်  ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပုဇွန်တောင် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန် တောင်လမ်းရှိ ထာဝရဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မေလ ၁၈ ရက်နေ့ ညနေ နာရီက ပထမ အကြိမ်မြောက်  ထာဝရဆွမ်းလောင်းအသင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ထာဝရဆွမ်းလောင်းအသင်းတို့၏ ဦးဆောင်မှုဖြင့် ထာဝရ ဆွမ်းလောင်းအသင်းမှ ကြီးမှူးကျင်းပသော ပထမအကြိမ်မြောက်  ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပုဇွန်တောင်မြို့နယ်မှ ဘုန်းတော်ကြီးကျောင်းတိုက်(၃၃)တိုက်မှ ရဟန်းသံဃာတော်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်များမှ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ‌ဆရာလေးများအား  ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြတ်စွာဘုရားရှင်နှင့်ရဟန်းသံဃာတော်များက ဆွမ်းဆန်စိမ်းလောင်း လှူမည့် ရာဇမတ်ကာရံထားသည့် ပန်းခင်းလမ်းသို့ ဒေသစာရီကြွချီလာရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေး နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေ အလှူရှင်ပြည်သူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရဟန်း၊ သာမဏေများနှင့် သီလရှင်ဆရာကြီး /ဆရာလေးများအား ဆန်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း များ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်