ပုသိမ်ကြီး မေ ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအနေဖြင့် ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသလို ငလျင်ဘေးသင့် အကျိုးခံစားခွင့်ရှိသူများအား တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ ငါးသောင်းကျပ်၊ ခြင်ထောင်၊ စောင်နှင့် မိုးကာများကို အိမ်ထောင်စု (၅၆၉)စုအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယနေ့စတင်ပေးအပ်ရာတွင် ပုသိမ်ကြီးမြို့မရပ်ကွက်အုပ်စု၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာအုပ်စုနှင့် နန်းဦးလွင်ကျေးရွာအုပ်စုတို့ကို ပထမအသုတ်အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)