ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

ငါန်းဇွန် မေ ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမြေစိုက်ပိုစတာစိုက်ထူရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား စဉ်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းအနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၊ အခြေခံပညာ (ထက်/လယ်/မူ)ကျောင်းအုပ်များနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေး/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ လမ်းဆုံ၌လည်းကောင်း၊ ငါန်းဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်းရှေ့၌လည်းကောင်း၊ စိုက်ထူပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

သက်နောင်ဦး(ငါန်းဇွန်)