ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းဘဲတန်း  ​မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်​နေ့နံနက် (၁၀:၀၀)နာရီအချိန်က စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်  စာရေးဆရာဦးသူရဇော်(အမိမြေသစ္စာသတင်းစုံဂျာနယ်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဆရာမကြီး ဒေါ်တင့်တယ်ခင်က မုဒိတာစကား ပြောကြားခဲ့သည်။  ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝေနိုင်ထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင်  စာရေးဆရာဒေါက်တာကေ၏  လူ့အဖိုးတန်စာအုပ်မှ "အောင်မြင်သူ"ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့ရာ  စာဖတ်ဝိုင်းတက်ရောက်သူ Book Club အဖွဲ့ဝင်များက မိမိတို့၏အတွေ့အကြုံနှင့် အတွေးအမြင်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားစေရန်နှင့် စာအုပ်မှတစ်ဆင့် အသိပညာဗဟုသုတများ၊ အတွေ့အကြုံများ တိုးပွားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းများ၊ စာပေချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ် အစဉ်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဧကရီ