မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက (ဒုတိယ) အကြိမ် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေး

မဟာအောင်မြေ မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက (ဒုတိယ)အကြိမ် မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ (မဟာ) ပရဟိတလူမှုကယ်ဆယ်ရေးအသင်းရှိ အသင်းသူ၊ အသင်းသားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​ဖြိုးအိစံနှင့်ကျန်းမာရေးဝန်ထမ်းများက (ဒုတိယ) အကြိမ်အဖြစ် မေးခိုင်ကာကွယ်ဆေးများကို သွားရောက်ထိုးနှံပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း