မိတ္ထီလာမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ မေ ၁၉

မန္တလေးတိုင်းဒေဿကြီး၊ မိတ္ထီလာမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်အတွင်းရှိ ရွှေပြည့်အိမ် အိမ်ဆောင်ပစ္စည်းအရောင်းဆိုင်၊ ပန်သစ္စာ အိမ်ဆောင်ပစ္စည်း အရောင်းဆိုင်၊ မြရတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ဝင်းသီတာ အိမ်ဆောင်ပစ္စည်း အရောင်းဆိုင်၊ ဦးစိုးသိန်းနှင့်သားများ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ သီရိရွှေရည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ကိုဘီရှဲ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ရတနာမိုး အိမ်ဆောက်ပစ္စည်းအရာင်းဆိုင်၊ ဌေးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မြမိသားစု အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ ပစ်တိုင်းထောင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ တက်နေဝင်း အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များ၏ လက်ရှိရောင်းဝယ်လျက်ရှိသော ဘိလပ်မြေများ၏ ဝယ်ယူသည့် ဈေးနှုန်း၊ ရောင်းချသည့် ဈေးနှုန်း၊ လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)