၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

ကျောက်ပန်းတောင်း မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နံနက် (၉) နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင်ပြုလုပ်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ)ဆရာမကြီး ဒေါ်အေးအေးမော်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေး  အသိပညာပေး ဆိုင်းဘုတ်ကို စိုက်ထူပေးကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၏  ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်န့ အထိ သတ်မှတ်ထားကြောင်း သိရပြီး၊ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးနှင့် ကျောင်းသို့ရောက်ရှိရေးကို၊  ဆရာ/ဆရာမများ၊  ကျောင်းသားမိဘများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စည်းရုံးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)