မိုင်းရှူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

မိုင်းရှူး မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့်ဝတ္ထုစာအုပ်များငှားရမ်းပေးပြီး လစဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)