ကွန်ဟိန်းမြို့၌  ကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်

ကွန်ဟိန်း မေ ၁၉   

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် အများအကျိုးသယ်ပိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ လူငယ်များသည် အားကျိုးမာန်တက် ဝိုင်းဝန်းကူညီတတ်ရန်၊ နိုင်ငံတော်ကာကွယ်ရေးနှင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်တတ်စေရန်၊ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံတော်သော လူငယ်များ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို ကင်းထောက်လူငယ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားပြီး  မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင် မှ ကင်းထောက်လူငယ်သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် ပတ်တီးစည်းနည်း၊ အခြေခံကြိုးချည်နည်း၊ ကင်းထောက်သမိုင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ ကင်းထောက်တစ်ယောက်ကျင့်သုံးရမည့် တာဝန်များ စသည်ဘာသာရပ်များကို သင်တန်းနည်းပြ  ဆရာ၊ ဆရာမ (၆) ဦးဖြင့် သင်တန်းကာလမှာ မေလ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)