ဟိုပုံး မေ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၃) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက် နံနက် (၈) နာရီခွဲက ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၃) သင်တန်းသားများမှ နိုင်ငံတော်အလံအားအလေးပြုကြပြီး ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးက သင်တန်းအဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဘုရင့်နောင်ခန်းမတွင် အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်က နိုင်ငံသားကောင်းများအား ဝမ်းမြောက်စွာကြိုဆိုကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ရခြင်း၊ ခေါ်ယူရခြင်းအကြောင်းများ၊ သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အားပေးစကားများပြောကြား ခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)