မြစ်ကြီးနား မေ ၁၉
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းပေါ် အ.ထ.က (၁)နှင့် အ.ထ.က (၉)ကြားတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အတီးအမှုတ်အဖွဲ့များ၊ ကင်းထောက်လူငယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ အခြေခံပညာ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ပညာရေးမှူးတို့က အမွှေးနံ့သာရည် များ ပတ်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြပြီး အခြေခံပညာ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အတီးအမှုတ်အဖွဲ့များ၊ ကင်းထောက် လူငယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်