ချောင်းဆုံမြို့နယ်ရှိ ရဟန္တာသိမ်တော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ပြီးစီးမှုအား ရေစက်ချအလှူတော်ပြုလုပ်

ချောင်းဆုံ မေ ၁၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကိုထိန်းသိမ်းနိုင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ချောင်းဆုံအရှေ့ရပ်ကွက်ရှိ ရဟန္တာသိမ်တော်ကြီးအား မူလလက်ရာမပျက် ဘက်စုံမွမ်းမံပြင်ဆင်ပြီးစီးမှုအား ရေစက်ချတရားတော်နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက ချောင်းဆုံအရှေ့ရပ်ကွက် ရဟန္တာသိမ်တော်ကြီး၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များ နာယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ရဟန္တာသိမ်တော်ကြီးအား ဘက်စုံမွမ်းမံပြင်ဆင်ပြီးစီးမှုနှင့် ပတ်သက်သည်များကို လျှောက်ထားကာ ဆရာတော်၊ သံဃာတော်များမှ ဩဝါဒကထာမြွက်ကြားပေးခဲ့ပြီးနောက် တာဝန်ရှိသူများမှ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရဟန္တာသိမ်တော်ကြီးအား ဘက်စုံမွမ်းမံပြင်ဆင်နိုင်ရန်အတွက် လှူဒါန်းထားသည့် အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)