ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူ

ပြည်ကြီးတံခွန်   မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၈) နာရီအချိန်က (ဃ)ကြီးရပ်ကွက်၊ အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရုံး‌ရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ပညာ‌ရေးမှူး ဆရာမကြီး ဒေါ်အေးသန္တာနိုင်နှင့် ဆရာ၊ဆရာမများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သီတင်းပတ်ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူပွဲအား ဖွင့်လှစ်ခဲ့ သည်။ ပြည်ကြီးတံခွန် မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိဖြစ်ပြီး၊ ယခုကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူရခြင်း မှာ”ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူရခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)