မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

မိုင်းယောင်း မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့ပါဝင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည်  ယမန်နေ့က ဟောင်ကြန့်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာသိကောင်းစရာများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ လူငယ်ရေးရာအသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျောင်းအပ်နှံ‌ရေးနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆွေးနွေးပွဲကိုပြုလုပ်ရာ တက်ရောက်လာသူများက ကျောင်းအပ်နှံရေးကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)